ဒဂုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ဒဂုံ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ခြင်းကို ယမန်နေ့ နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ အသီးသီးထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၂၁၂)ဦး၊ ဖြေဆိုသူပေါင်း(၁၇၁)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ(၉၇)ဦးရှိပြီး (၅၆.၇၃) ရာခိုင်နှုန်း အောင်မြင်ခဲ့ရာ ဂုဏ်ထူးရရှိသူများတွင် (၆) ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊(၄) ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင်(၈)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၇)ဦးစုစုပေါင်း ဂုဏ်ထူးရှင် (၃၇)ဦးဖြစ်ပြီး ရိုးရိုးအောင်မြင်သူ (၆၀) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများ အဆင်ပြေစွာ ကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရသည်။

ကြည်​ဇေ​သော်