သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

သပိတ်ကျင်း ဇွန် ၉

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေ များကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က သပိတ်ကျင်း "မြို့မ" နှင့် ရေညှာဦးကျေးရွာမှ တောင်သူ (၂၄) ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ကျပ်(၁၆.၅၀)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်မိုးရာသီအလိုက် စိုက်ပျိုး စရိတ်ချေးငွေများကို မိုးစပါးတစ်ဧကလျှင် ငွေကျပ်(၁)သိန်းခွဲ၊ ယာသီးနှံတစ်ဧကလျှင် ငွေကျပ် (၁)သိန်းနှုန်း ထုတ်ချေးလျက်ရှိရာ ၂၀၂၀ မိုး၊ ၂၀၂၁-မိုး၊ ၂၀၂၂-ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်များကို ထုတ်ချေးရာတွင် (Covid -19 အထူးချေးငွေ၊ နေကြာချေးငွေအပါအဝင်) နှစ်တိုးချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေစာရင်း၊ အတိုးများ အပြည့်အဝပြေကျေသည့်ကျေးရွာအုပ်မှ တောင်သူများကိုသာ ထုတ်ချေးရန်လျာထား၍ မေလတွင် စတင်ထုတ်ချေးပေးခဲ့သည်။

ယနေ့တွင် သပိတ်ကျင်း "မြို့မ"နှင့် ရေညှာဦး ကျေးရွာအုပ်စုထံသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ(၉)ရက်နေ့အထိ ကျေးရွာအုပ်စု ပေါင်း (၄)အုပ်စုမှ တောင်သူ (၆၂)ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၄၅.၇၀)သန်း အားအချိန်မီထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း မြိုနယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

​စိုးနိုင်ဝင်း( ပြန်/ဆက်)