မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ကြေညာ

မိုင်းတုံ ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (မိုင်းတုံ) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အ.ထ.က(မိုင်းတုံ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ(၃၂)ဦး၊ စုစုပေါင်း(၄၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပြင်ပမှ ဖြေဆိုအောင်မြင်သူ ကျောင်းသား (၂)ဦး၊ ကျောင်းသူ (၁၈)ဦး၊ စုစုပေါင်း(၂၀)ဦး အောင်မြင် ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သူများအနက် (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၃)ဦး၊  (၁)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦး စုစုပေါင်း (၄)ဦးရှိပြီး အ.ထ.က(မိုင်းတုံ) စာစစ်ဌာန၏ အောင်ချက်ရာခိုင်နှုန်းမှာ (၄၅ ဒသမ ၄၅) ရာခိုင်နှုန်းရရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)