ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်းရှိ

ကြည့်မြင်တိုင် ဇွန် ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ခြင်းကို ယမန်​နေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်း အောင်မြင်​ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူကျောင်းသား ၈၆ ဦး၊ ကျောင်းသူ ၁၆၈ ဦး၊ စု​ပေါင်း ၂၅၄ ဦး၊ အောင်မြင်သူ ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၁၀၁ ဦး စုစု​ပေါင်း(၁၄၇)ဦး ရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်း အောင်မြင်​ကြောင်းသိရသည်။ ကြည့်မြင်တိုင်မြို့နယ်တွင် (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁၂)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၃၁)ဦး စုစုပေါင်း(၅၂)ဦးရှိပြီး ရိုးရိုးအောင်မြင်သူ (၉၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများ အဆင်ပြေစွာ ကြည့်ရှုနိုင်ရေး အတွက် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)