ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁) မှ ကျောင်းသား/ကျောင်းသူများ လာရောက် ကွင်းဆင်းလေ့လာ

ဒဂုံ ဇွန် ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ်အပိုင်း(က) ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက နံနက် ၉ နာရီအချိန်က လာ​ရောက်ကွင်းဆင်းလေ့လာခဲ့​ကြကြောင်း သိရသည်။

ထိုသို့လာ​ရောက် ​လေ့လာကြရာတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၆)ဦးတို့က ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနရှိ ပြင်ပလူနာဌာန၊ တီဘီရောဂါ ဌာန၊ HIV ရောဂါဌာန၊ ကလေးဆေးခန်း၊ သက်ကြီးရွယ်အိုဌာန၊ မိခင်နှင့် ကလေးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ ဆီးချို သွေးချိုဌာန၊ ကာကွယ်ဆေးထိုးဌာနများ အသီးသီးသို့ သွား​ရောက်ကွင်းဆင်းလေ့လာခဲ့​ကြပြီး သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်း​ပြောကြား​ပေးခဲ့ကြ​ကြောင်း သတင်း ရရှိသည်။

ကြည်​ဇေ​သော်