စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများထုတ်ပြန် အောင်ချက်ရာခိုင်နှုန်း (၆၆.၉၄) ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို နိုင်ငံအဝှမ်းတွင် ယမန်နေ့နံနက်(၆)နာရီက တစ်ပြိုင်တည်းထုတ်ပြန်ပေးလျက်ရှိရာ စစ်ကိုင်းမြို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ကျောင်းသား/ ကျောင်းသူများကြည့်ရှုခဲ့ကြသည်။

မိုင်းခုတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယမန်နေ့ညနေ ၃ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆၉ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၆၃ ဒဿမ ၃၀ ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက်(၆)နာရီအချိန်က ကပ်ထားကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၆၉ ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၆၃ ဒဿမ ၃၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အုတ်တွင်းမြို့နယ်၌ အချိုမှုန့်နှင့်ဆိုးဆေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီး‌ကြပ်မှုအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အချိုမှုန့်နှင့်ဆိုးဆေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၇၂.၈၉)ရာခိုင်နှုန်းအောင်မြင်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ(၉)ရက်၊ နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများလာရောက်ကြည့်ရှုခဲ့ကြသည်။

ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် မေလ ၁၂ ရက်နေ့မှစတင်၍ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ကလေးအလုပ်သမားဆိုင်ရာ အလုပ်လုပ်သော ကလေးများအား ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ Korace အထည်ချုပ်စက်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အ.ထ.က(၂) နေခြည်တွင် ကျင်းပပြုလုပ်

ဧရာဝဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (၂) နေခြည်တွင် ယမန်နေ့ နေ့လယ်က သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ဆဒုံးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၈၇.၁၀)ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ(၂၇)ဦးရှိကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန် ဆွန်းထန် ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများ အတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်

ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to