ကမာရွတ် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက အောင်စာရင်းထုတ်ပြန်ခဲ့ရာ ဖြေဆိုသူ(၃၂၃)ဦးရှိ အောင်မြင်သူ (၂၁၅)ဦးတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၇)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ (၄)ဘာသာ(၂၅)ဦး၊ (၃)ဘာသာ (၁၇)ဦး၊ (၂)ဘာသာ(၂၈)ဦး၊ (၁)ဘာသာ(၃၀)ဦးနှင့် ရိုးရိုးအောင်(၉၁)ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၆၇%) ရှိကြောင်း သိရသည်။
ကမာရွတ်မြို့နယ် စာစစ်ဌာနတွင် မြန်မာစာဂုဏ်ထူးရသူ(၂၂)ဦး၊ အင်္ဂလိပ်စာ(၂၈)ဦး၊ သင်္ချာ(၄၄)ဦး၊ ဓာတု(၆၂)ဦး၊ ရူပ(၉၂)ဦး၊ ဇီဝ(၁၀၄)ဦး၊ သမိုင်း(၁)ဦး၊ ဘောဂ(၁၁)ဦး ဂုဏ်ထူးရသူပေါင်း(၃၆၄)ဦးရှိကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)