ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန် ဆွန်းထန် ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများ အတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်

ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်မှု ၄၈% ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ ပန်ဆောင်မြို့တွင် ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွင် ပန်ဆောင်မြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှု ၄၈% ရှိကြောင်း ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းရှိသည့်အတွက် ယခင်နှစ်ထက် ၄၅ ဒဿမ ၆၄ ရာခိုင်နှုန်းတိုးတက်

၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ချင်းပြည်နယ်တွင် ကျောင်းသား ၊ ကျောင်းသူ (၂၈၂၄)ဦးက ဖြေဆိုခဲ့ပြီး (၂၀၄၅)ဦး အောင်မြင်သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေတောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ ညနေပိုင်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင် သာယာ လှပရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ နေပြည်တော်ကောင်စီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိ မြို့ဖများနှင့်အတူ ၂၀၂၃ ခုနှစ် ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွှဲ ၁ နာရီက သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှု ၄၇.၄၄% ရှိ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှုစာရင်းအား ယနေ့က ထုတ်ပြန်ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အနေဖြင့် ဖြေဆိုအောင်မြင်မှု ၄၇.၄၄ % ရှိကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် သတင်းအချက်အလက်များအချိန်နှင့်တပြေးညီသိရှိနိုင်စေရန် MRTV Satelliate Band ပေးအပ်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၁)နာရီအချိန်က ဘူးသီးတောင်မြို့မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနဂိုဒေါင်ရှေ့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (မိုင်းတုံ) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Subscribe to