စမ်းချောင်း ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ကို ဇွန်လ ၈ ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးအေးလင်းနှင့် ဒေါ်ဖြူဖြူဖွေးတို့က ကလေးသူငယ်ဟုသတ်မှတ်ပြဌာန်းထားသည့် အသက်အရွယ် အပိုင်းအခြား၊ ကလေးသူငယ်များတွင် ကျရောက်နိုင်သောဘေးအန္တရာယ်များ၊ ကလေးသူငယ်များကိုဘာကြောင့် ကာကွယ်ပေးသင့်သလဲဆိုသည့်အချက်များ၊ ကလေးသူငယ်များအား နှိပ်စက် ညှင်းပန်းမှုမပြုနိုင်အောင် ကာကွယ်စောင့်ရှောက်ပုံများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါသည်။
စမ်းချောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟုသုတရရှိရေးနှင့် အရေးပေါ်အသိပေးထုတ်ပြန်ချက်များအား ပြည်သူ့စာကြည့်တိုက် Page နှင့် We love Sanchaung Page များမှ Online စနစ်ဖြင့်အချိန်နှင့်တစ်ပြေးညီထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
အေးလင်း(ဦးစီးအရာရှိ)