လဟယ် ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသလဟယ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န် ဒေါက်တာ ဝိုင်းအောင်နှင့် ကျန်းမာရေး ၀န်ထမ်းများ သည် ဇွန်လ ၇ ရက်နေ့က လဟယ်မြို့နယ် အံ့ပေါ်ကျေးရွာနှင့် မော်ဖွန်ကျေးရွာများသို့ ကွင်းဆင်း၍ ကလေး၊ လူကြီး လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် အံ့ပေါ်ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင်ကလေးလူကြီး(၃၈)ဦးအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပြီး ကျေးလက်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်မှု မိုးဦးကာလရောက်လာ သည်နှင့်အမျှ ၀မ်းလျှော၀မ်းပျက် ရောဂါကြိုတင်ကာကွယ်ရေး၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့နောက် ဖော်ဖွန် ကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲသို့ ကွင်းဆင်းခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝိုင်းအောင်ထံမှသိရသည်။
(မြို့နယ်ပြန်/ဆက်)