တာချီလိတ် ဇွန် ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွှဲ ၁ နာရီက သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေးနှင့် မိုးခေါင် ရေရှားဘေးများ ဖြစ်ပေါ်လာသည့် အကြောင်းရင်းများနှင့် ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးဖြစ် ပေါ်နေချိန်တွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များအား အကျယ်တဝံ့အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက မြန်မာနိုင်ငံပြည်သူလူထုအကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာများ စိမ့်ဝင်ပျံ့နှံ့လာစေရန်နှင့် ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက် လာစေရန်၊ “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဆောင်ပုဒ်နှင့် အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်မည့် အကြောင်းများအား ရှင်းလင်းဟောပြော၍ သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံ ကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြပြီး၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြသိန်းက စာကြည့်တိုက်သို့ စာအုပ်များလာရောက်ဌားရမ်းဖတ်ရှုရန် ခက်ခဲ သည့် စာဖတ်ဝါသနာပါသူ သင်တန်းသူများအတွက် သုတ၊ ရသ စာအုပ်များ အခမဲ့ ဌားရမ်းပေး ခြင်းနှင့် စာအုပ်များအသစ်ထပ်မံ ဌားရမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)