ပန်ဆောင် ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ ပန်ဆောင်မြို့တွင် ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွင် ပန်ဆောင်မြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှု ၄၈% ရှိကြောင်း ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ပန်ဆောင်မြို့တွင် ကျောင်းတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း ၈၃ ဉီးရှိရာ ၄၀ ဉီးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၄၈% ရှိကြောင်းသိရသည်။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပန်ဆောင်မြို့တွင်းမှ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဉီးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၅)ဉီး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/သူ(၆)ဉီးရှိကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)