ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းရှိသည့်အတွက် ယခင်နှစ်ထက် ၄၅ ဒဿမ ၆၄ ရာခိုင်နှုန်းတိုးတက်

ဟားခါး ဇွန် ၁၀

၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ချင်းပြည်နယ်တွင် ကျောင်းသား ၊ ကျောင်းသူ (၂၈၂၄)ဦးက ဖြေဆိုခဲ့ပြီး (၂၀၄၅)ဦး အောင်မြင်သည့်အတွက်  အောင်ချက်ရာခိုင်နှုန်းမှာ ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် မြို့နယ်(၉)မြို့နယ်ရှိသည့်အနက် ထန်တလန်မြို့နယ်မှအပ ကျန်(၈)မြို့နယ်ရှိ စာစစ်ဌာန(၁၃)ခုတွင် ကျောင်းသား ၊ ကျောင်းသူ(၂၈၂၄)ဦးကဖြေဆိုခဲ့ပြီး (၂၀၄၅)ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။

ယခင်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ(၂၂၅၉)ဦးရှိသည့်အနက်(၆၀၅)ဦး အောင်မြင်သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၂၆ ဒဿမ ၇၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းဖြစ်သဖြင့် ၄၅ ဒဿမ ၆၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် ( ပြန်/ဆက် )