ခန္တီးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှု ၄၇.၄၄% ရှိ

ခန္တီး ဇွန် ၁၀

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှုစာရင်းအား ယနေ့က ထုတ်ပြန်ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အနေဖြင့် ဖြေဆိုအောင်မြင်မှု ၄၇.၄၄% ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း ၂၉၃ ဉီးရှိရာ ၁၃၉ ဉီး ဖြေဆိုအောင်မြင်ခဲ့ပြီး (၄)ဘာသာ ဂုဏ်ထူးရှင်(၁)ဉီး၊ (၃)ဘာသာဂုဏ်ထူးရှင်(၉)ဉီး၊ (၂)ဘာသာဂုဏ်ထူးရှင်(၉)ဉီးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂၅)ဉီး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား/သူ(၄၄)ဉီးရှိကြောင်း ပညာရေးမှူးရုံးမှသိရသည်။

ခရိုင်(ပြန်/ဆက်)