သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေ များကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က သပိတ်ကျင်း "မြို့မ" နှင့် ရေညှာဦးကျေးရွာမှ တောင်သူ (၂၄) ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ကျပ်(၁၆.၅၀)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။