ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၇၂.၈၉)ရာခိုင်နှုန်းအောင်မြင်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ(၉)ရက်၊ နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများလာရောက်ကြည့်ရှုခဲ့ကြသည်။

ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် မေလ ၁၂ ရက်နေ့မှစတင်၍ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ကလေးအလုပ်သမားဆိုင်ရာ အလုပ်လုပ်သော ကလေးများအား ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ Korace အထည်ချုပ်စက်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အ.ထ.က(၂) နေခြည်တွင် ကျင်းပပြုလုပ်

ဧရာဝဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (၂) နေခြည်တွင် ယမန်နေ့ နေ့လယ်က သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ဆဒုံးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၈၇.၁၀)ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ(၂၇)ဦးရှိကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန် ဆွန်းထန် ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများ အတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်

ချင်းပြည်နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေ၊ ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်မှု ၄၈% ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ ပန်ဆောင်မြို့တွင် ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွင် ပန်ဆောင်မြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှု ၄၈% ရှိကြောင်း ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းရှိသည့်အတွက် ယခင်နှစ်ထက် ၄၅ ဒဿမ ၆၄ ရာခိုင်နှုန်းတိုးတက်

၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ချင်းပြည်နယ်တွင် ကျောင်းသား ၊ ကျောင်းသူ (၂၈၂၄)ဦးက ဖြေဆိုခဲ့ပြီး (၂၀၄၅)ဦး အောင်မြင်သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၇၂ ဒဿမ ၄၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေတောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ ညနေပိုင်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။
Subscribe to