၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကရင်ပြည်နယ်မှ (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ(၆၈၃)ဦးရှိပြီး အောင်မြင်သူ ၆၅ ဒသမ ၅၅ ရာခိုင်နှုန်းရှိ
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအသီးသီးတွင်ကျင်းပခဲ့ပြီး ယနေ့ ဇွန်လ ၉ ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website တို့တွင် အောင်စာရင်းများထုတ်ပြန်ကြေညာခဲ့ရာ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ တွင် ကရင်ပြည်နယ်မှ (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ(၆၈၃)ဦးရှိပြီး အောင်မြင်သူ ၆၅ ဒဿမ ၅၅ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။