ဗိုလ်တထောင် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၄)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ စာရင်းရှိ(၃၃၁)ဦး၊ ဖြေဆိုသူ(၃၀၄)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ(၁၉၅)ဦးရှိပြီး (၆၄.၁၄)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၃၉)ဦးနှင့် ရိုးရိုးအောင်သူ (၁၂၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။
မြတ်ဖူးခင်(ပြန်/ဆက်)