ပင်းတယ၌ ဒေသထွက်ဂေါ်ဖီထုပ်များစတင်စိုက်ပျိုးထားပြီး ဈေးကောင်းရရှိရန်တောင်သူများမျှော်လင့်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ပြည်သူများသည်စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံပင်များကို စိုက်ပျိုးရောင်းချကြရာ ယခုနှစ်တွင် ဂေါ်ဖီထုပ်များကို ဧကအများအပြားစိုက်ပျိုးထားကြပြီး ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။

မြို့သစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က သွားရောက်၍စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပြည်နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်များတွင် ဖြန့်ဝေစိုက်ပျိုးသွားမည့် ပျိုးပင်များနှင့် ဝါးစိုက်ပျိုးပွဲတော်ကျင်းပနိုင်ရေး ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ် ကချင်ပြည်နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးသွားမည့် အရိပ်ရ နှစ်ရှည်ပင်များ ပျိုးထောင်စိုက်ပျိုးမှုနှင့် ဝါးစိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေးအတွက် ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှု တို့ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဒိုက်ဦးမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ပေကုန်းကျေးရွာအနီးရှိ ဘုန်းတော်ကြီးကျောင်းဝင်းတွင် ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Subscribe to