တမူးမြို့တွင် မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲကို ဇွန်လ (၁၀) ရက်နေ့ နံနက်(၈)နာရီအချိန်က ဗောဓိတောရဘုန်းတော်ကြီး ကျောင်းတိုက်ဝန်းတွင် ကျင်းပပြု လုပ်ခဲ့ ကြောင်းသိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

မံစီမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကောင်ရာရပ်ကွက် မံစီ(မြို့မ)သစ်တောပျိုးဥယျာဉ်အနီး၌ ဇွန် ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်စိုးက လွဲပြောင်းပေးအပ်ခဲ့သည့် သစ်ပျိုးပင်များကို လက်ခံခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သစ်ပျိုးပင်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ကျွန်း (၅၀၀)ပင်၊ ပျဉ်းကတိုး (၃၀၀)ပင်၊ ကညင်(၅၀)ပင်၊ မန်ဂျန်ရှား (၅၀)ပင်၊ ပိတောက် (၁၀၀)ပင် စသည့် သစ်ပျိုးပင်ပေါင်း (၁၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မြင်းမူမြို့နယ်ရုံးတွင် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မိုးရာသီမိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to