ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် (၁၂) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ်၁၂ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပန်ဆိုင်း (ကြူကုတ်)မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၁)နာရီအချိန်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ​ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်​နေသည့် တည်ဆောက်ရေး လုပ်ငန်းများအား တိုင်းဒေကြီးတာဝန်ခံမှ ကြည့်ရှုစစ်ဆေး

လပွတ္တာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း (ပြည်ထောင်စု/တိုင်းဒေသကြီး) ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လပွတ္တာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများအား ယနေ့နံနက် (၉)နာရီချိန်တွင် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ)နှင့် လပွတ္တာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများမှ ကွင်းဆင်းစစ်​ဆေး ခဲ့ကြသည်။

ဝါးခယ်မမြို့နယ် ရေတွင်းကုန်းကျေးရွာ၌ ဆောင်းသီးနှံ (နေကြာ) စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ၌ ဆောင်းသီးနှံ (နေကြာ) စိုက်နည်း စနစ်ကွင်းသရုပ်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာ‌အောင်မြေမြို့နယ်၊ အမှတ်(၂ )အခြေခံပညာအလယ်တန်းကျောင်းခွဲ၌  စာအုပ်၊စာစောင်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/သူများ စာပေဖတ်ရှုမှု လွယ်ကူစေရန်၊ မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီ အချိန်ကအမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာအုပ်၊စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပြီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to