အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၃ ခုနှစ် (မိုးရာသီ) လူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ၂၀၂၃ ခုနှစ် (မိုးရာသီ)လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က နမ့်ဟူးဂူကျေးရွာ အနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌၊ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ လေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် အားကောင်းသောလေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှကြီးကြပ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့၊ ညနေ(၈)နာရီက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးကြေညာခဲ့သည်။

နတ်မောက်မြိုနယ်၌ မိုးစပါးသီးနှံ (၂၄၆၀၇)  ဧကလျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင် လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံဧက (၂၄၆၀၇) ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မိုင်းယောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပကြောင်း သိရသည်။

နတ်မောက်မြို့နယ် အင်းကုန်း(တ)ကျေးရွာ ကုန်ထုတ်လမ်းတွင် အရိပ်ရသစ်ပင်များစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းကုန်း(တ)ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည့် ကုန်ထုတ် လမ်း၏ လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် ယမန်နေ့ နံနက် (၇)နာရီအချိန်က ဒေသခံကျေးရွာရှိ ပြည်သူများနှင့်အတူ အရိပ်ရ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

မေတ္တာမြို့အတွင်း ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အခြေခံပညာအထက်ကျောင်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ကြေညာ ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မေတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ထားကြောင်း သိရသည်။
Subscribe to