ပွင့်ဖြူမြို့နယ်၌ ကျွဲနွားတိရစ္ဆာန်အစာဖူလုံစေရန်အတွက် ဒေသခံတောင်သူများက နှံစားပြောင်းသီးနှံများ စတင်စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် ဇွန်လဆန်းက ရွာသွန်းခဲ့သည့်မိုးဖြင့် နှံစားပြောင်းသီးနှံများစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။