လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၁)နာရီအချိန်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။