မိုင်းယောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး

မိုင်းယောင်း ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ()ရပ်၊ နည်းဗျူဟာ()ရပ် အကြောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို ဆွေးနွေးသည်။

ထို့နောက် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဝေဝေခိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာကိုလည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

စိုင်းအောင်ဇော်လင်း