နတ်မောက်မြိုနယ်၌ မိုးစပါးသီးနှံ (၂၄၆၀၇)  ဧကလျာထားစိုက်ပျိုးမည်

နတ်မောက် ဇွန် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင် လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံဧက (၂၄၆၀၇) ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

ဒေသခံတောင်သူများသည် မိုခါမုန်တိုင်းကြောင့် မေလ ၁၄၊ ၁၅ ရက်နေ့များတွင် ရွာသွန်းခဲ့သည့် မိုးရေဖြင့် မိုးကောင်းသောက်လယ်မြေများတွင်  မြေယာထွန်ယက်ပြုပြင်ခြင်း၊ စပါးပျိုးထောင်ခြင်းနှင့် ကျဲပက်ခြင်း      လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစပါးသီးနှံအထွက်နှုန်းကောင်းမွန်ရန် မြိုန့ယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုပစ္စည်းများ ဖြန့်ဖြူးထောက်ပံ့ခြင်း၊ ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲရေး၊ သဘာဝ မြေဩဇာသုံးစွဲရေး နည်းစနစ်များကို ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိပြီး နတ်မောက် မြို့နယ်တွင်  ၂၀၂၃-၂၀၂၄ မိုးစပါးသီးနှံများကို အစိုးရဆည်ရေသောက်ဧရိယာတွင် (၂၉၅၇)ဧက၊ ဆည်ငယ် ကန်ငယ်များတွင် (၂၀၇၃)ဧကနှင့် မိုးကောင်းသောက်လယ်မြေများတွင် (၁၉၅၇၇) ဧက စုစုပေါင်း (၂၄၆၀၇)ဧကလျာထားစိုက်ပျိုးသွာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီဌာနမှ တာဝန်ရှိသူထံက သိရသည်။

မူမူစန်း