ခိုလမ် ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ၂၀၂၃ ခုနှစ် (မိုးရာသီ)လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က နမ့်ဟူးဂူကျေးရွာ အနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ (မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်သူ/တိုင်းရင်းသားများ၊ ဒေသခံ ပြည်သူများ တက်ရောက် ခဲ့ကြသည်။
ရှေ့ဦးစွာတိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက ၂၀၂၃ ခုနှစ်(မိုးရာသီ) လူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ သစ်တော သံယံဇာတ ရေရှည်တည်တံ့စေဖို့၊ သစ်တောသစ်ပင် ပြုန်းတီးမှုထိမ်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများ တက်ကြွစွာ ပါဝင်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဒုတိယတိုင်းမှူး ဗိုလ်ချုပ်ဇော်ဇော်နိုင်နှင့် နမ့်စန်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက စိုက်ပျိုးရန် သစ်ပင်များကို ပေးအပ်ခဲ့ပြီး တပ်ရင်းတပ်ဖွဲ့များကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ ကိုယ်စား မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသခံများကိုယ်စား ဒေသခံတစ်ဦးနှင့် ဒေသခံတိုင်းရင်းသူ/တိုင်းရင်းသားများကိုယ်စား တိုင်းရင်းသားတစ်ဦးက လက်ခံရယူပေးခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့ အစည်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသူ/တိုင်းရင်းသားများ၊ ဒေသခံပြည်သူများက သစ်ပင်စိုက်ပျိုးမည့် နေရာတွင် အသီးသီးနေရာယူ၍ သစ်ပင်စိုက်ပျိုးခြင်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက်အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဦးဆောင်၍ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူ တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိကြီး များက တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဒေသခံတိုင်းရင်းသူ/တိုင်းရင်းသားများနှင့် စုပေါင်း ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)