မေတ္တာမြို့အတွင်း ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

မေတ္တာ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အခြေခံပညာအထက်ကျောင်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ကြေညာ ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မေတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ထားကြောင်း သိရသည်။

 မေတ္တာမြို့၊ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူများအနေဖြင့် နယ်မြေဒေသ အခြေအနေအရ ထားဝယ်မြို့၊ အအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင် စာစစ်ဌာန၌ သွားရောက် ဖြေဆိုခဲ့ရကြောင်း သိရသည်။   

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်းရှိ (၁၅)ဦးမှ ကျောင်းတွင်းဖြေ ဆိုသူ(မ)( ၁၁)ဦး၊ အောင်မြင်သူ(မ)(၄)ဦး၊ အပြင်ဖြေဆိုသူကျား(၂)၊ (မ) (၂)၊ ပေါင်း(၄)ဦး၊ အောင်မြင်သူ(ကျား)(၁)ဦး၊ စုစုပေါင်း ဖြေဆိုအောင်မြင်သူ (၅)ဦးရှိပြီး (၃၆.၃၆) ရာခိုင်နှုန်းအောင်မြင်ခဲ့ရာ အဆိုပါ အောင်စာရင်းကို ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အောင်စာရင်းနှင့် တွဲဖက်၍ ကြေညာ ထုတ်ပြန်ထားကြောင်း တာဝန်ခံဆရာမထံမှ သိရသည်။

အေးအေးချို (မေတ္တာ)