ပုဏ္ဏားကျွန်းမြို့၌ လေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာ

ပုဏ္ဏားကျွန်း ဇွန် ၁၀

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် အားကောင်းသောလေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှကြီးကြပ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့၊ ညနေ(၈)နာရီက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးကြေညာခဲ့သည်။

ထိုသို့အသိပေးကြေညာရာတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ယမန်နေ့ မြန်မာစံတော်ချိန်မွန်းလွဲ(၁း၃၀)နာရီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာရာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသို့ရောက်ရှိလာပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်ပါသဖြင့် မိဘပြည်သူများတို့အနေဖြင့် မြစ်ကမ်းအနီးတွင် နေထိုင်းခြင်းမပြုကြရန်၊ အန္တရာယ်ရှိသော အဆောက်အဦးများ၊ သစ်ပင်များ၊ ဓာတ်တိုင်များအောက်တွင် နေထိုင်ခြင်းမပြုကြပါရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် အသိပေးလှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)