နတ်မောက်မြို့နယ် အင်းကုန်း(တ)ကျေးရွာ ကုန်ထုတ်လမ်းတွင် အရိပ်ရသစ်ပင်များစိုက်ပျိုး

နတ်မောက် ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းကုန်း(တ)ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည့် ကုန်ထုတ် လမ်း၏ လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် ယမန်နေ့ နံနက် (၇)နာရီအချိန်က ဒေသခံကျေးရွာရှိ ပြည်သူများနှင့်အတူ အရိပ်ရ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ အရိပ်ရသစ်ပင်စိုက်ပျိုးခဲ့ရာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဦးစီး အရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံကျေးရွာရှိ ပြည်သူများ စုပေါင်း၍ အရိပ်ရသစ်ပင်များဖြစ်သည့် တမာပင် (၃၄၀)ပင်၊  ပိတောက်ပင်(၅၀)ပင်၊ ယင်းမာပင်(၅၀)၊ မယ်ဇလီပင် (၁၀၀)ပင် စုစုပေါင်း (၅၄၀)ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှဝင်း