သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်ကွင်းဆင်း ဆောင်ရွက်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူလေးများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီအချိန် က သိုက်တူးကန်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်း၌ ကျင်းပခဲ့သည်။