မြို့သစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မြို့သစ် ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က သွားရောက်၍စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းတို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်ကမိမိတို့ ဌာနသည်ပြည်သူကို ဝန်ဆောင်မှုပေးနေသည် ဌာနဖြစ်ကြောင်း၊ စာကြည့်တိုက်သို့လူကြီး၊ လူငယ်အရွယ်မရွေး၊ လူတန်းစားမရွေးဝင်ထွက်သွားလာကာ စာအုပ်စာပေများငှါးရမ်းနိုင်ကြောင်း၊ စာကြည့်တိုက်သို့ လာရောက်ရန် အခက်ခဲရှိသည့် ဌာနစာဖတ်ပရိသတ်များ လက်ဝယ်အရောက်စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်ကို ပြည်သူ အများအသုံး ချတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနေကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတ ဆိုင်ရာအကြောင်းအရာ များကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဆရာကြီးများဖြစ်သည့် “ဆရာဦးမြင့်ကြည်၊ ဆရာဦးမြင့်ရွှေ၊ ဆရာဦးတင်မောင်ဝင်းတို့က စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားတက်ပြီး အသိပညာများ ရရှိလာမည်ဖြစ်ကြောင်း၊ ပြန်ဆက်ဌာနအနေဖြင့် သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များကို သွားရောက်၍ ငှားရမ်းဖတ်ရှုကြစေလိုကြောင်း၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များ အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် သုတ၊ရသစာအုပ်များ စုံလင်စွာခင်းကျင်းပြသခဲ့ရာကျောင်းသား /ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုမှတ်သားခဲ့ပြီး  ၎င်းတို့ကြိုက်နှစ်သက်သည့် စာအုပ်များကိုလည်း တာဝန်ရှိသူများက ငှားရမ်းမှတ်တမ်းပြုစု၍ အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)