မြင်းမူ ဇွန် ၁၀
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက ပြည်သူအသိပညာပေး Talk Show များ Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူးနှင့် ရုပ်သံကျွမ်းကျင်(၃) တို့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ပါ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Talk Show များ၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ စာအုပ်၊ စာစောင် များ ငှားပေးခြင်းနှင့် အတူ ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရေးအတွက် ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)