ဒိုက်ဦး ဇွန် ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက ကျေးရွာနေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှ သင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်း ငယ်များမှ လုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်နှင့် သင်တန်းထုတ်ကုန် များအားပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။ သင်တန်းတွင် အဝတ်လျှော်၊ ပန်ကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ၊ လျှော်မွေးနှင့် မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ငါးရက်ကြာ အခမဲ့သင်ကြား ပေးခဲ့ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲသို့ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဆွေသက်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)