မိုးမောက် ဇွန် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မိုးရာသီမိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလင်းက သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်၊ မြို့နယ်သစ်တောဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးတို့က ပျိုးပင်များ အသီးသီးပေးအပ်ရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ၊ မြို့နယ် တိုင်းရင်းဆေးကု သရေးဌာန ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ လက်ခံရယူကြသည်။
၄င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ခရေ၊ ကံကော်၊ တေပဘူတ စသည့်ပျိုးပင်စုစုပေါင်း အပင်ရေ (၄၀၀) ခန့်ကို စိုက်ပျိုးခဲ့ ကြောင်းနှင့် ယနေ့စိုက်ပျိုးခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်