မြစ်ကြီးနား ဇွန် ၁၀
၂၀၂၃ ခုနှစ် ကချင်ပြည်နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးသွားမည့် အရိပ်ရ နှစ်ရှည်ပင်များ ပျိုးထောင်စိုက်ပျိုးမှုနှင့် ဝါးစိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေးအတွက် ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှုတို့ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ဝင်း၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဥက္ကာ၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်စိုးတို့နှင့် အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စုပေါင်း စိုက်ပျိုးပွဲတော်အတွက် ဝန်ထမ်းများ၏ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များ ရှင်သန်ကြီးထွားနေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သစ်တောဦးစီးဌာနပိုင် မြို့မပျိုးဥယျာဉ်အတွင်း ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် များနှင့် လူထုဖြန့်ဝေနိုင်ရေး ရေပိတောက်၊ မန်ဂျန်ရှား၊ ရေထောက်ကြံ့၊ ထင်းရှုး၊ ကညင်၊ ကံ့ကော်၊ ပိတောက်၊ သစ်အယ်၊ ယင်းမာ စသည့် အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ အား ပျိုးထောင်စိုက်ပျိုးထားရှိမှု၊ ဝါးစိုက်ပျိုးပွဲတော် ကျင်းပ ပြုလုပ်နိုင်ရေး ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပြုစုပျိုးထောင်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးက သစ်ပင်များစိုက်ပျိုးပြီးသော်လည်း ရှင်သန်ကြီး ထွားလာစေရေးကို အလေးထား ပြုစုပျိုးထောင်သွား ရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်သန်အောင် ဆောင်ရွက်သွားကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)