မန္တလေး ဇွန် ၁၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (မန္တလေး)၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ် (မန္တလေး) ဒုတိယပါမောက္ခချုပ်(တာဝန်ခံ) ဒေါက်တာ စုယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဘွဲ့ယူမောင်မယ်များအား သက်ဆိုင်ရာဘွဲ့များကို အသီးသီးပေးအပ်ချီးမြှင့်သည်။
နည်းပညာတက္ကသိုလ်(မန္တလေး)၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မဟာ အင်ဂျင်နီယာဘွဲ့(ရေနံ)(၁)ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ (မြို့ပြ)(၄)ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ (စက်မှု) (၂)ဦး၊ အင်ဂျင်နီယာဘွဲ့(စက်မှုအီလက်ထရောနစ်)(၄)ဦး၊ ဗိသုကာဘွဲ့(၁)ဦး၊ အင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ)(၂)ဦး၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်)(၁၂)ဦး၊ အင်ဂျင်နီယာဘွဲ့ (မြို့ပြ) (၁၃)ဦး၊ အင်ဂျင်နီယာဘွဲ့(အီလက်ထရောနစ်)(၄)ဦး၊ အင်ဂျင်နီယာဘွဲ့(စက်မှု)(၁၂)ဦးနှင့် အဝေး ရောက်ဘွဲ့ယူသူဦးရေ(၈၆)ဦးရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်