တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနိုင်း ဇွန် ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၈)နာရီက လမုန်ကျေးရွာ၊ လီဒိုလမ်းမကြီးလမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပွဲတွင်   တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့၀င်များ၊ တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး‌အောင်စိုးနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာ‌ရေး၀န်ထမ်းများ၊‌ လမုန်ကျေးရွာပြည်သူများ စုစုပေါင်းအင်အား(၂၅၀)ခန့်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ မိုးခေါင်ရေရှားမှုမဖြစ်‌ပေါ်စေရန်၊ သစ်တောသစ်ပင်များပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍   ဇမ္ဗုဗေဒအပင် (၂၀၀) စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ပိုင်ထွန်း(တနိုင်း)