ရန်ကုန် ဇွန် ၁၀
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် သတ္တမအစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ အချိန်တွင် နိုင်ငံတော်သံဃ မဟာနာယကဆရာ တော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်ဆရာတော်) ကဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ (ချမ်းမြ သာစည်ဆရာတော်) က ဆောင်ရွက်တော်မူသည်။
အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်ဆရာတော်)က သြဝါဒကထာ မြွက်ကြားတော်မူသည်။
ထို့နောက်အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊တတိယအဖွဲ့ခွဲ၏စတုတ္ထအကြိမ်ဆဋ္ဌအစည်းအဝေး မှတ်တမ်း(တ-စ ၆/၂၀၂၃)ကို ဖတ်ကြား အတည်ပြုကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စ ရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (တတိယအဖွဲ့ခွဲ)ဆရာတော် ၁၄ ပါး တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်နှင့် သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်း ကားပြန့်ပွားရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)