မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေးနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်

မိုင်းယောင်း ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း နှင့် အဘိတ်ဆေးခတ် ခြင်းများကို ယမန်နေ့က အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ရာ ကြက်ခြေနီသူနာပြု တပ်ဖွဲ့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုပ်ကွေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ခြင်ပေါက်ပွားနိုင်သော နေရာများတွင် သန့်ရှင်းရေးပြုလုပ်ခြင်း စသည့် သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရေးနှင့် ခြင်နှိမ်နင်းရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

စိုင်းအောင်ဇော်လင်း