ညောင်ဦး ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စူဠာမဏိဘုရားကြီးဝင်းအတွင်း ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းကာ ဘုရားကြီးဝင်း အရှေ့တောင်ထောင့်ရှိ မို့မောက်နေသော မြေစာပုံများ၊ အုတ်ခဲကျိုးများကို မြေဖြန့်ခင်းခြင်းလုပ်ဆောင်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က စုပေါင်းပြုလုပ် ကုသိုလ်ယူကြကြောင်း သိရသည်။
ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စူဠာမဏိဘုရားကြီးဝင်း အရှေ့တောင်ထောင့်ရှိ မို့မောက်နေသော မြေစာပုံများ၊ အုတ်ခဲကျိုးများအား မြေမျက်နှာသွင်ပြင်အနိမ့်အမြင့် Level သတ်မှတ်၍ ရေစီးဆင်းမှုကောင်းမွန်စေရန်အတွက် စနစ်တကျ မြေဖြန့်ခြင်းများအား ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများစုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစာပုံများ၊ အုတ်ခဲကျိုးများစုပေါင်း မြဖြန့်ခြင်းဆောင်ရွက်နေသည့် နေရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံ အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဦးကျော်မျိုးဝင်း (ညွှန်ကြားရေးမှူး) တို့က စုပေါင်းမြေဖြန့်ခြင်း ဆောင်ရွက်နေသည့် နေရာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်း များအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရကာ စုပေါင်းမြေဖြန့်ခြင်းအား လူအင်အား (၃၄၃) ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း