နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူး ဇွန် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ(၂၂)ရက်နေ့တွင် ပဲခူးမြို့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအား လုပ်ငန်း လမ်းညွှန်အဖြစ်ခံယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အမှန်တကယ်တိုးတက် အောင်မြင်မှုများရရှိ စေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်နှစ် ()သီး စိုက်ပျိုးသည့်ဒေသများတွင် သီးနှံစိုက်ချိန်၊ ရိတ်သိမ်းချိန် မှန်ကန်မှုရှိစေရေး လိုအပ်ချက်များ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ပြီး ရေကြီးရေနက်ကွင်းများတွင် ()သီးစိုက်ပျိုးရာမှ သီးထပ်()သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေရရှိရေး နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးသွား မှာဖြစ်ကြောင်း၊ မိုးရေချိန်နည်းပါးသည့် မြို့နယ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေအနည်းလိုစပါးမျိုးများနှင့် ရွှေနံ့သာ()ပေါ်ဆန်းမွှေး စပါးမျိုးများအား သက်ဆိုင် ရာ စိုက်ပျိုးရေးမျိုးသန့်ခြံများတွင် စိုက်ပျိုးစုဆောင်းထားပြီးဖြစ်ကြောင်း၊ သီးထပ်စွမ်းအားမြင့်မားပြီး မြေလပ်မရှိ စိုက်ပျိုးနိုင်မှသာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်နိုင်မှာဖြစ်၍ သီးထပ်စွမ်းအား မြှင့်တင်ပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေး ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး မိရိုးဖလာ စိုက်ပျိုးနည်း၊ မျိုးသုံးစွဲမှုများကို အမြန်ဆုံး ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ် ကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း ဒေသတွင်း အသားရိက္ခာ ဖူလုံပိုလျှံမှုရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မွေးမြူရေးဇုံများ ဖော်ထုတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသထွက်ကုန်းကြမ်း ပစ္စည်းများဖြင့် သွင်းကုန်အစားထိုး ကုန်ချောထုတ်လုပ်နိုင်ရေး စီမံချက်များချမှတ်ဆောင်ရွက်သွားနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်က ပဲခူးမြို့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏    ခရီးစဉ်လမ်းညွှန်ချက် (၅၇)ချက်အား အသေးစိတ် ဖတ်ကြား   ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် အစိုးရအဖွဲ့ ဝန်ကြီးများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးပြီးစီးနိုင်ရေး အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)