တုံတာမြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

တုံတာ ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊တုံတာမြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်‌‌ကွေး ဖြစ်ပွားမှုနည်းစေရန်ရည်ရွယ်၍  ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို  ယနေ့နံနက်ပိုင်းက တုံတာမြို့စာသင်ကျောင်းဝန်းနှင့်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးရာသီကာလ သွေးလွန်တုပ်ကွေးသည်ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှ တစ်ဆင့်ခြင်ပေါက်ဖွားပြီး လည်းကောင်းမှတစ်ဆင့်လူသားတို့ကို အကိုက်ခံရခြင်းမှသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား‌သည်ကိုများသောအားဖြင့် တွေ့မြင်ကြရခြင်းဖြစ်သည်။

ထို့ကြောင့် သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို  မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့်ဝန်ထမ်းများ၊မြို့စည်ပင်၊ မြို့မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်း၍ စာသင်ကျောင်းများနှင့်ရပ်ကွက်တွင်းသို့ ရေလှောင်ကန်များ၊ ရေပီပါများ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့်  အိုးခြမ်းပဲ့၊ တာယာကွင်း၊ ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များစသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြ‌ပြီးကျန်ရှိသည့် စာသင်ကျောင်း၊ ဘုန်းကြီး‌ကျောင်းနှင့်ရပ်ကွက်များကိုလည်း ဆက်လက်၍စီစဉ်ဆောင်ရွက်‌ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်များထံမှ သိရသည်။

အဲန်းမေရီ