ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန၌ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူများ၊ စာဖတ်သူများဖြင့် စည်ကား

ပန်းတနော်   ဇွန်   ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဇွန်လ ၄ ရက်နေ့၌ ဖွင့်လှစ်လိုက်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံတွင် ခင်းကျင်းပြသထားသည်များကို စိတ်ဝင်တစား ကြည့်ရှုသူများ၊ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

အစိုးရရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံအတွင်း၌ ခင်းကျင်းပြသ ထားရှိသည့်များကို လာရောက်ကြည့်ရှု လေ့လာသူများ၊ အားကစားခန်းမတွင် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်သူများ၊ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း တာဝန်ခံထံမှ သိရသည်။ အဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အနုပညာခန်းမ၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမများ ပါဝင်ပြီး ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)