ဝေါမြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှကြီးမှူးကျင်းပသော (၃၈) ဖြာမင်္ဂလာစာမေးပွဲ အောင်မြင်ဆုရသူများဆုချီးမြှင့်ပွဲ ကျင်းပ

ဝေါ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး ကျင်းပသော (၃၈) ဖြာမင်္ဂလာစာမေးပွဲ အောင်မြင်ဆုရသူများဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဝေါမြို့ ဓမ္မမေဒီနီဘုန်းတော်ကြီးသင်ပညာရေးကျောင်းဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ကာ မြို့နယ် (YMBA) အသင်းကြီး၏ နာယကမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ မှ သြဝါဒမြွတ်ကြားပြီး၊ မြို့နယ် (YMBA) အသင်းကြီး၏ နာယက ဘဒ္ဒန္တဓမ္မပီယ မှ (၅) ပါးသီလချီးမြှင့်သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၏တိုင်း (YMBA) အသင်းဥက္ကဋ္ဌ ဦးလှတင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်း က အမှာစကားပြောကြားသည်။

ထို့နောက် ဝေါမြို့နယ် (YMBA) အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်မှ မြို့နယ် (YMBA) အသင်းကြီး၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး(၃၈) ဖြာမင်္ဂလာသင်တန်းများတွင် သုံးစွဲနိုင်ရန်အတွက် ဝေါမြို့နယ် (YMBA) အသင်းသို့ လှူဒါန်းသည့်အလှူငွေများအားလက်ခံရယူသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်(၃၈) ဖြာမင်္ဂလာစာမေးပွဲတွင် ပထမ၊ ဒုတိယ၊တတိယ၊ အထူးဆု အောင်မြင်သူများအားတိုင်း (YMBA) အသင်းဥက္ကဋ္ဌ ဦးလှတင့်ဦးနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)