မင်းပြားမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဗိုလ်မှူးချုပ်ခင်ဇော်ကြည့်ရှုအားပေး စကားပြောကြား

မင်းပြား  ဇွန်  ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင်သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်အသီးသီးတွင် တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်မြို့သန့်ရှင်းသာယာလှပရေးအတွက်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာခြင်မှ တဆင့်ကူးစက်တတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခြင်၊ ယင်၊ မှက်ပေါက်ပွားမှုမရှိစေရန် ရေဆိုးရေညစ်များ အားရေစီးရေလာ ကောင်းမွန်ရေးရေမြောင်းများ တူးဖော်ခြင်း၊ ပိတ်ဆို့ရေမြောင်းများအား ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ခြင်း၊ မြောင်းအတွင်းစည်းကမ်းမဲ့ စွန့်ပစ်ပလတ်စတစ် ဘူးခွံများ၊ အမှိုက်သရိုက်များအား ဆယ်ယူခြင်းစသည့်သန့်ရှင်းရေး လုပ်ငန်းများကို ရာမောင် ခမ်းမလမ်းဆုံမှ ဓါတ်အားပေးလုပ်ငန်းလမ်းဆုံ၊ နာရေးလမ်းဆုံမှမြို့နယ် ကျန်းမာရေးဦးစီးဌာန ဆေးရုံဟောင်းလမ်းဆုံ၊ ထွန်စက်စခန်းမှဥက္ကာပျံစျေးလမ်းထိပ်၊ အ.ထ.က ၁ လမ်းဆုံမှ မြို့နယ်ပညာရေးမှူးရုံးလမ်းဆုံထိ သတ်မှတ်နေရာအသီးသီး၏ အနီးပတ်ဝန်းကျင်လမ်းတစ်လျောက် စုပေါင်းသန့်ရှင်းရေးအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ရာသို့ မင်းပြားမြို့တွင် မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဗိုလ်မှူးချုပ်ခင်ဇော်နှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကာအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သောင်းရွှေ  (ပြန်/ဆက်)