ဖြူး ဇွန် (၁၁)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၁၂၇) ၌ (၁၈၈) ကြိမ်မြောက် (၇) ရက် တရားစခန်းကို ယနေ့ နံနက် (၄) နာရီအချိန်က စတင် ဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာသည် ဖြူးမြို့ပေါ် ဘူတာတောင်ရပ်ကွက်တွင်တည်ရှိ၍ ရိပ်သာကြီးကို ၁၉၈၉ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ရာ နှစ်ပေါင်း (၃၀) ကျော်ကြာခဲ့ပြီး သံဃာတော်၊ သီလရှင်၊ အမျိုးသား/အမျိုးသမီး ယောဂီ (၁၅၀) ကျော် တရားအားထုတ်နိုင်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲအမှတ် (၁၂၇) ၌ ၂လ (၁) ကြိမ်၊ တစ်နှစ်ပတ်လုံးအတွက် (၆) ကြိမ် တရားစခန်း ဖွင့်လှစ်ကျင်းပမြဲဖြစ်ပြီး (၁၈၈) ကြိမ်မြောက် (၇) ရက်တရားစခန်းတွင် သံဃာတော် (၃) ပါး၊ သီလရှင် (၂) ပါး၊ အမျိုးသား ယောဂီ (၂၈) ဦး၊ အမျိုးသမီး ယောဂီ (၁၀၄) ဦး တရားအားထုတ်ကြရာ ဖြူးမြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်ကြီးများက ထိုင်တရား၊ နာတရား၊ ပဋိစ္စသမုပ္ပါဒ်တရားဒေသနာများကို တစ်ရက်လျှင် (၈) ကြိမ် ချီးမြှင့်ပေးတော်မူကြောင်းနှင့် ရပ်ဝေးရပ်နီးမှ အလှူရှင်းများမှ အာရုံဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဥ်အချိုပွဲများအတွက် အလှည့်ကျလှူဒါန်းမှုရှိနေကြောင်း အလားတူ တရားအားထုတ်သည့် ယောဂီများအား ဖြူးမြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)