ဥတ္တရသီရိ ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် “ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး” Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ရိုက်ကူးရာတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ကလေးအလုပ်သမားဟူသည်မှာ မည်သည့်အသက်အရွယ်ခေါ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးသည် မည်သည့်အတွက်ကြောင့် အရေးကြီးကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မည်သည့်အရာများ ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည့် အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့ရိုက်ကူးထုတ်လွှင့်သည့် Talk Show အပြည့်အစုံကို We Love Ottarathiri Facebook Pageတွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)