ပြင်ဦးလွင် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကန်တော်လေးကန်ဘောင်အနီးရှိ Maymyo Social Café , Gallery , Shops တွင် ပြင်ဦးလွင်မြို့မှ ပန်းချီဆရာ ၂၄ ဦးပူးပေါင်း၍ Maymyo Social Exhibition Catalogue Volume -II ပန်းချီပြပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာတစ်ဦးလျှင် ပန်းချီကား သုံးကားနှုန်းဖြင့် ပန်းချီကားပေါင်း ၇၂ ကားအား ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်းခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ပြခန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
Maymyo Social Exhibition Catalogue Volume –I အား ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့သည့် ၆ လက ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု Volume II အား ထပ်မံကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုသို့ Art Exhibition များအား ၆ လလျှင် တစ်ကြိမ် ဆက်လက်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ရှိ အနုပညာရှင်များသည်လည်း ပြင်ဦးလွင်မြို့ဂုဏ်ဆောင် နေသူများဖြစ်သည့်အတွက် Generation မခွဲခြားဘဲ တစ်စုတစ်စည်းတည်း ပန်းချီဆရာများ ပုံမှန်တွေ့ဆုံနိုင်ရေးနှင့် ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် တစ်နေရာတည်းတွင် ပန်းချီကားများကို စိတ်ဝင်တစား လာရောက်ကြည့်ရှု ဝယ်ယူနိုင်သည့် အခွင့်အလမ်း များ ဖြစ်လာစေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ Maymyo Social Exhibition Catalogue Volume -II ပန်းချီပြပွဲ နောက်ဆုံးနေ့ဖြစ်သည့် ဇွန်လ ၁၈ ရက်နေ့တွင် ပုံတူပန်းချီရေးဆွဲသည့် အစီအစဉ်များလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်၍ ပန်းချီအနုပညာ ကို စိတ်ဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)