နတ်တလင်းမြို့နယ်တွင် စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

နတ်တလင်း ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်၍ စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချခြင်းကို ယနေ့နံနက်ပိုင်းက သာဇီရပ်ကွက်၊ ပညာတံခွန်လမ်းတွင် ရောင်းချခဲ့သည်။

အဆိုပါရောင်းချခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်အေးအေးဆွေနှင့်ဝန်ထမ်းများ ပဲခူးမြို့ ဆီအရောင်းကိုယ်စားလှယ်ဦးအောင်ဖြိုးနှင့် သာဇီရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစောထွန်းတို့မှ တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်းဖြင့် အိမ်ထောင်စု(၅၅၀)အိမ်ထောင်အတွက် ဆီပိဿာ(၅၅၀)ပိဿာ ရောင်းချခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)